Wednesday, January 7, 2015

မင်းရဲ့အပြုံးတွေကြောင့် ငါရူးနေပြီ 
တည်ငြိမ်ဖို့အစပြုနေတဲ့ငါ့နှလုံးသားကို မင်းရဲ့အပြုံးလေ လေးတစ်ချက်က
ဝင်ရောက်တိုက်ခိုက်သွားခဲ့ပြီပေါ့
ကိုယ်ချစ်တတ်သွားပြီ ကောင်မလေး
အပြုံးတစ်ချက်က အရာရာကိုပြောင်းလဲသွားစေနိုင်တာ
လက်ခံလိုက်ရပါပြီ
အရာရာကိုမင်းကသိမ်းပိုက်လိုက်ပြီလေ
ကျဆုံးခြင်းတွေနဲ့မင်းရှေ့မှာခစားခွင့်ပြုပါတော့


ချင်းတွင်းသား(crosskyawmyo.blogspot.com)


ဒီနေ့တော့ ဦးဦး ပထမဆုံး ၀င်ရောက်ရေးသားတာဆိုတော့ GAME ကောင်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်လိုက်မယ်နော် ...
ဝေဟင်မှာ ရုပ်ထွက်လန်းလန်းလေးနဲ့ ဗုံးကျဲပြီး အမုန်းဆွဲရမယ့် တိုက်လေယာဉ်ဂိမ်းလေးတင်ပေးလိုက်ပါတယ်

Tuesday, January 6, 2015


ကျွန်တော်တို့ Android ဖုန်းတွေမှာအော်ရီ
ဂျင်နယ်ပါတဲ့ Gmail app ပဲဖြစ်ဖြစ် Gapp
installerတွေနဲ့ ကိုယ့်ဖာသာ ထည့်ထားတဲ့
Gmail app ပဲဖြစ်ဖြစ် အကောင့်ဖွင့်တဲ့အခါ
အကောင့်ဆယ်ခုလောက်ဖွင့်ပြီးရင်အကောင့်
သစ်ထပ်ဖွင့်လို့မရတော့ပါဘူး။

Monday, January 5, 2015

 
Advanced Download Manager Pro 4.0.3.apk Full version : 1.31 Mb

Android နဲ့ Download လုပ်တဲ့သူတွေအတွက် အမြန်ဆုံး Downloader တစ်ခုဖြစ်တဲ့ Advanced Download Manager Pro 4.0.3.apk နောက်ဆုံးထွက်ဖြစ်ပါတယ်.. Pro version ဖြစ်ပြီး Download မြန်ဆန်မှုအတွက်တော့ ဘယ် Downloader ကမှ မမီတာ အမှန်ပါပဲ..




Credit to - Djjoe Man ( MMF )


Apk ပေါ်မှာ Right Click နှိပ်လိုက်ပါ
 

7zip >>> Open archive >>> res >>> drawable-xhdpi ဆိုတဲ့ဖိုဒါထဲက icon ဆိုပြီးထိပ်စီးနာမည်နဲ့ ထိုဆော့ဝဲရဲ့အိုင်ကွန်ပုံကိုတွေ့ပါမယ် ။

ထိုပုံ၏နာမည်တိုင်း မိမိထည့်လိုသောပုံကို နာမည်ပေးပြီး ထိုဖိုဒါထဲကိုဆွဲထည့်လိုက်ပါ ။ ပြီးပါပြီ :)

မိမိထည့်သောပုံမှာ ( PNG ဖော်မက်ဖြစ်ရမယ် 96x ပတ်လည်ဆိုဒ်ဖြစ်ရပါမယ် )


CWM ကိုယ်တိုင်ပြုလုပ်နည်း  လေးပါ။
ဒီနည်းကတော့ ပေါ်နေတာကြာပါပီ ။ 

ADB = Android Debug Bridge ဆိုတာ Android ရဲ့ System ကို ချိတ်ဆက်ပေးတဲ့ တံတားလို့ အလွယ်မှတ်ယူမိပါတယ်.. ဒီကောင်က ဘာအတွက်အလုပ်လုပ်တာလဲ၊ ဘယ်လိုအလုပ်လုပ်တာလဲ.
ကျွန်တော်သိသလောက်၊ လေ့လာထားသလောက် နည်းနည်း ပြောပြချင်ပါတယ်..

ADB command ကို ဘယ်လိုအခြေအနေမျိုးမှာ အသုံးပြုလေ့ရှိသလဲဆိုရင်
  • ဖုန်းမှာ File Explorer မပါလို့ ဖုန်းရဲ့ Application ကို မထည့်နိုင်တဲ့အခါ
  • ဖုန်းကိုကိုင်ပြီး အထဲက System တွေကို စစ်ဆေးဖို့အတွက် များစွာအချိန်မပေးဘဲ PC ပေါ်ကနေ တိုက်ရိုက်စစ်ဆေးချင်တဲ့အခါ
  • ဖုန်းထဲကို Application တွေ အများကြီး Install လုပ်ချင်တဲ့အခါ  
စတဲ့အခြေအနေမျိုးမှာ အဓိက သုံးနေတာကို တွေ့ရပါတယ်..

Adb Command ကို သုံးဖို့ ဘာတွေလိုအပ်သလဲ
Adb Command ကိုသုံးဖို့အတွက် ဖုန်းရဲ့ Driver ကို PC မှာ Install လုပ်ပြီးသားဖြစ်ရပါမယ်..
ဖုန်းမှာ USB Debugging နဲ့ Unknown Source ကို On ပြီးသားဖြစ်ရပါမယ်..
ဖုန်းနဲ့ ကွန်ပျူတာ မှန်ကန်စွာချိတ်ဆက်ပြီးသားဖြစ်နေရပါမယ်..
ADB Tool ဖိုင်ရှိရပါမယ်..

ADB Command ကို ဘယ်လိုသုံးမလဲ
အထက်မှာဖေါ်ပြခဲ့တဲ့အချက်အလက်တွေ ပြည့်စုံပြီဆိုရင်
Adb Tool Folder ကိုဖွင့်ပြီး Shift ကီးနှိပ်ထားရင်း Right Click ထောက်ပါ..
အဲဒီထဲက Open command window here ကိုရွေးလိုက်ပါ
adb command တွေ ရေးဖို့ အဆင်သင့်ဖြစ်နေပါပြီ..
အလွယ်ဆုံး Command တစ်ခုပေးရင်း ဖုန်းထဲကို apk ဖိုင်တစ်ခု လှမ်းထည့်ကြည့်ရအောင်..
ပထမဆုံး ကိုယ်ထည့်ချင်တဲ့ apk ရဲ့ နာမည်မှာ Space ခြားမနေရပါဘူး.. ခြားနေရင် Rename လုပ်ပြီး မခြားအောင်လုပ်ပစ်ရပါမယ်.. ဥပမာအားဖြင့် Root Explorer 3.2.1.apk ဆိုပါစို့. အဲဒါကို RootExplorer321.apk ပဲဖြစ်ဖြစ် Root_Explorer_321.apk ပဲဖြစ်ဖြစ် ပြောင်းပစ်ရပါမယ်.. တိုပြီး ရေးရလွယ်တဲ့နာမည်ဆို အကောင်းဆုံးပါပဲ.. ကဲ အဲဒါကို ဘယ်လိုထည့်မလဲ.. ခုနက ထည့်ချင်တယ်ဆိုတဲ့ apk ကို ADB Installer Folder ထဲမှာ အဆင်သင့် ကူးထည့်ထားရင် လွယ်ပါတယ်.. Command ပေးရတာ လွယ်တာပေါ့.. အဆင်သင့်ထည့်ထားလိုက်ပါအုံး..
စရအောင်..
ဒီလိုရေးပါမယ်..
adb install RootExplorer32.apk
အဲလိုရေးပြီး Enter ခေါက်လိုက်တာနဲ့ ဖုန်းထဲကို RootExplorer.apk လေးကို Install လုပ်ပြီးသားလေးဖြစ်သွားပါမယ်.. ဖုန်းမှာ ကြည့်လိုက်ရင် သိနိုင်ပါတယ်.. ဒီလိုနည်းနဲ့ apk တွေကို တစ်ကြိမ်တည်းနဲ့ အများကြီး Install လုပ်နိုင်ပါတယ်.. စမ်းသပ်ကြည့်ပါ..
နောက်ရက်တွေမှာ adb Command တွေအကြောင်းကို ဒီထက်နည်းနည်းပိုပြီး သိသလောက်လေး အကျယ်ရေးပေးသွားပါမယ်..


အဆင်ပြေပါစေ..
ချင်းတွငးသား

ဟိုတစ်နေ့က ADB Command နဲ့ Android Application ကို Install လုပ်နည်းအကြောင်း ဒီမှာ နည်းနည်း ပြောပြခဲ့ပြီးဖြစ်ပါတယ်.. တကယ်တော့ ADB Command ဟာ Application Install လုပ်တာတစ်ခုတည်း အသုံးတည့်တာ မဟုတ်ပါဘူး.. အခြား အရေးကြီးလုပ်ငန်းတွေမှာ အသုံးပြုတာဖြစ်ပါတယ်.. ရှုပ်သွားမှာစိုးလို့ မပြောဖြစ်ခဲ့ပါဘူး..
 

Credit to - Chateau Man

ကောင်းတယ်ခင်ဗျ။ ကြာပါပြီ ခင်ဗျ။ မရှိသေးရင် ဒေါင်းပါခင်ဗျ။ 

DOWFIRENLOAD HERE VIA MEDIA

အဆင်ပြေပါစေ..
ချင်းတွင်းသား
အမေ့ကိုသားလွမ်းလိုက်တာအမေရယ်
မိဘရဲ့ဘေးနေတုန်းနေခိုက် မသိနားမလည်ခဲ့ဘူးအမေရယ်
အနေဝေးတော့အမေရဲ့မေတ္တာ ဂရုနာတွေ သားဆာလောင်မိတယ်
အရင်လို အမေ့ရဲ့ရင်ခွင်ထဲဝင်ပြီးအော်ငိုချင်လိုက်တာ
မွေးကတည်းကဒုက္ခပေးတဲ့သားအမေကခွင့်လွတ်ပေမယ့် သားကို ကံတရားကခွင့်လွတ်မှာမဟုတ်ပါဘူး
သားပြန်လာပြီးအမေ့ရင်ခွင်မှာခိုနားတော့မှာပါ
အရင်ကအမေဘယ်လောက်ပင်ပန်းလဲဆိုတာ သားစဉ်းစားတတ်ခဲ့ပါပြီ
သားတွေကရေဆို အမေကရေ ဒုက္ခတွေကြားထဲကဘ၀ကို ပြုစုပေးခဲ့တဲ့ အမေ့ဆီကို
သားတရွေ့ရွေ့ရောက်လာပါပြီ
သားကိုတွေ့ရင်အမေငိုဦးမှာလား
သားတို့ဘယ်တော့မှ မခွဲတော့ဘူး
သားရဲ့ (ထာဝရမေမေ)

ချင်းတွင်းသား




ချစ်သူ
မင်းရဲ့ အကြင်နာပန်းကို ပိုင်ဆိုင်ခွင်ြ့ပု့ပါတော့
မင်းရဲ့ နွေးထွေးတဲ့ ရင်ခွင်ထဲ ကို ခိုနားခွင့်ပြုပါ
ပျော်ရွင်နေတဲ့ မင်းရဲ့အပြုံးမျက်နှာလေးကို ကြည့်ပြီး
ကြင်နှာခွင့်ပြုပါတော့
ချစ်သူ   မင်းရဲ့လက်ကလေးကိုင်ပြီး
မင်းကလေးကို ပြောမယ်
ကြင်နှာခွင့်ပြုပါတော့
ချစ်တယ်   ချစ်သူ

ချင်းတွင်းသား
လွမ်းနေပြီပေါ့ ညီမ
ညီမလေးမရှိတဲ့ အချိန် ကိုယ်တစ်ယောက်တည်း အထီးကျန်နေပြီပေါ့ 

Sunday, January 4, 2015

ငါပြန်လာာပြီ ချစ်သူ
ငါလွမ်းနေတာလေ